ဝေဟင်ထက်က ပျံ သင်ငှက်လို
ကောင်းကင်ပိုက်ရန် မုန်တိုင်းဒဏ်တို့
မျိုး မျိုး တွေ့ကြုံ ရန်စွယ်ဖုံလည်း
ရင်ဆိုင်ရှောင်ကွင်း ပျံသင်ရင်းမှာ
ဝေဟင်တခွင် ကောင်းကင်ပြင်မှာ
ကျွမ်းဝင်ယခု............ရှိခြေပြီ.......။
ဆယ်ကျော်သက်ရွယ် ညီမငယ်လည်း
အပြောကျယ်လှ သည်လောကမှာ
အတ္တမာန ပေါများလှသည့်
ပကာသဏဆောင် ဂုဏ်ရှိန်ပြောင်၍
မိစ္ဆာဘီလူး သားစားကျူးလည်း
မူးယစ်သေသောက် စိတ်ဖေါက်ရန်ရှာ
နွားပမာမျှ သိစိတ်မ၀င်
ထိုဖြစ်အင်တို့ ၀န်းကျင်သို့ဝယ်
မလွဲဧကန် မြင်ရပြန်လည်း
သိစိတ်မှန်ဖြင့် ရှောင်ရှားပေလော့....
သတိမမူ ဂူမမြင်ဟု
သက်ကြီးစကား သက်ငယ်ကြားခဲ့
သို့ဖြင့်ဆိုစေ သိထွေမှတ်မှတ်
မလပ်သတိ အမြဲရှိ၍
ဆင်ခြင်ရှုပေ နာဂါတ်မြေသို့
လျှောက်လှမ်းပါလေ
ဝေးရောက်ချစ်လှ နှမရေ.......
သည်ကဗျာလေးကို သည်နေ့ကျွန်တော့်ရဲ့ မွေးနေ့ 22-3-2014 ရက်နေ့မှာ
အမှတ်တရအနေနဲ့ အင်္ဂလန်မှာ ပညာသင်ကြားရင် ဘ၀ကို ဖြတ်သန်းနေရသော
ညီမလေး သန္တာလင်း အတွက် အားပေးနှစ်သိမ့်ကာ လမ်းပြခြင်းဖြင့်
ရေးသားလိုက်ပါတယ် ညီမလေးတစ်ယောက် အစစအဆင်ပြေ ပျော်ရွှင်ပါစေ။
0 comments:
Post a Comment