Wednesday 1 July 2015

☀..ချန်ခဲ့လည်း ချစ်နေဆဲ..☀


ကြင်နာသူ..............
အချက်မပေး တိတ်တိတ်လေးဘဲ
အိမ်မက်လေးထဲ တိုးဝှေ့ဝင်လာ
ရင်မှာလှိုက်ဖို ချစ်စိတ်ပိုလို့
ဖိတ်ယိုကာစီး အချစ်မီတို့
ထီးထီးတောက်လောင် အရှိန်ဟုန်မြင့်
သံယောဇုဉ်ဖြင့် တင်းပတ်ရစ်တွယ်
ချစ်တယ်ဆိုမှ.....အိမ်မက်လန့်နိုး
အဖြစ်မျိုးနဲ့.......ကြုံရပြီကွယ်.......
စိမ်းလေသူ လုပ်ရက်ပေမဲ့....
နိုးတ၀က် အိမ်မက်တွေမှာ
ချစ်စိတ်အဟုန် တိုးမြင့်ကာဘဲ
မင်းအတွက် အပြုံးမပြက်တဲ့
နှစ်သက်သက် ချစ်လျှက်ပါအမြဲ
ကြင်နာသူ ရင်ကိုခွဲ
ဆယ်ခါပြန် ထားခဲ့လဲ
ချစ်မြဲ....ချစ်ဆဲ....ချစ်နေဆဲပါ..............

သည်ကဗျာလေးကို ချစ်တတ်သူတွေအတွက် ချစ်သူက
စွန့်ခွါခဲ့တောင် ချစ်နေတတ်သေူတွအတွက် ရည်ရွယ် သီဖွဲ့ထားပါတယ်
ဘလော့ခရီးသည်...

0 comments:

Post a Comment