Wednesday 1 July 2015

☀..ချစ်နှမငယ်..သို့ ( ၁ )..☀


 ဇွဲစိတ်ကို ရင်း
အားမာန်တင်း ၍
လျှောက်လှမ်းခဲ့ပါ နှမငယ်.....
လောကပင်လယ်ပြင်ကျယ်ကို
လှော်ခတ်မယ်ဆိုရင်ဖြင့်
ကံကြမ္မာလှိုင်းထမ်းပိုးတို့
ရိုက်ခတ်ခြင်းမျိုးတော့
ခံရပင်မလွဲ...။


အားမငယ်ပါနဲ့ နှမငယ်
ဘ၀လှေငယ်ကိုစီး
စိတ်ဓါတ်နဲ့ ခွန်းအားကိုယ်..
လက်နှစ်ထက်သို့ စုစည်းထား
အသိဉာဏ်လှော်တက်ကို ဆုပ်ကိုင်
ဦးနှောက်ပိုင်းက ပဲ့လုပ်
အပါတ်တကုတ်နဲ့ ကြိုးစား
သင်လိုလားတဲ့ ကမ်းခြေ
နှမအတွက် ဆီးကြိုနေမည်...။......။

မှတ်ချက် ။ ။ သည်ကဗျာလေးအား အင်္ဂလန်ရှိ ဘာမင်ဂမ် နှင်းတောင်တန်းများကြားမှာ
အထီးကျန်စွာနဲ့ ဘ၀အတွက် ရုန်းကန် ကြိုးစားနေတဲ့ ချစ်ညီမလေး
စန်းစန်းမေ အတွက်.....နှစ်သိမ့်ခြင်းပါ။......။

0 comments:

Post a Comment