မုန်းပါမေ..........
ပြုံးကာလေ နေမယ်ပါ့
ကြင်နာစ ဟိုအချိန်တွေကို
တမ်းတတ လိုခြင်ပေမယ့်
မကြင်နာ တမင်ကာခွါလေတော့
ရင်ကွဲကာ လွမ်းကျန်ရစ်မှာ
မှန်းဆလို့ တမ်းတပေါ့အတည်
မင်းဘယ်ဆီ အရောက်သွားပေမယ့်
ခိုနားခဲ့ ငါ့ရင်ခွင်နန်းကိုဖြင့်
ပန်းလို့ဖြင့် ဖြစ်စေ
မောလို့ဖြင့် ဖြစ်စေ
စိတ်အလိုမကျ ဖြစ်နေခါတွေများမှာ
တခဏတာ လှမ်းလာလို့
နားခိုဖို့ ထွေးကြိုပါ့မယ်
မုန်းလျှက် စွန့်ထွက်သွားသူကို
မမုန်းရက် ဆုံးသက်သို့တိုင်
ပြုံးလျှက် ဆီးကြိုပါ့မယ်
မုန်းရက်သူ ခင်ရယ်..................။
သည်ကဗျာလေးကိုတော့ မုန်းလျှက် စွန့်ထွက်သွားတဲ့ ချစ်သူတစ်ယောက်အပေါ်
သိပ်ချစ်ပြီး တမ်းတတ ကျန်နေပြီး တခဏတာ ရင်ခွင်မှာ နားခိုဖို့တောင်
ငေးမျှော်ရင်းစောင့်နေမဲ့ သစ္စာရှင် ချစ်သူကောင်လေးတစ်ယောက်အတွက်
မှန်းဆလို့ သီကျူး ခဲ့ပါတယ်...ေိေိ...
ဘလော့ခရီးသည်
0 comments:
Post a Comment