Wednesday 1 July 2015

☀..ဘက်မလိုက်ဥပဒေရုံး..☀


ပညာဂုဏ်တင့်    ဥစ္စာဆင့်လို့
လှခြင်းအင်္ဂါ      ပြည့်စုံပါလည်း
တနေ့တချိန်    သွားရမည်မှာ
ရှင်သန်ခြင်းရဲ့   တဖက်အခြား
ဧကန်လားရ    ထိုဌါနမှာ
သေခြင်တရား.........ဟူသတည်း........

ချစ်ခင်ကြည်ဖြူ     မုန်းလိုသူလည်း
ဖြူဖြူမည်းမည်း    လှလှအိုအို
ဆင်းရဲထိုသူ    ချမ်းသာသူလည်း
သာတူညီမျှ    ချမှတ်လမ်းစဉ်
ဘက်တွင်မလိုက်    ဆုံးဖြတ်လိုက်သည့်
သေခြင်းရုံးက........ဥပဒေတည်း...........

သည်ကဗျာလေးကို အမှတ်တရ စပ်ဆိုခဲ့တာကတော့....
သေခြင်းတရားရဲ့  တရားမျှတခြင်းကို တွေးးမိလို့ပါ...
ဘလော့ခရီးသည်
အောင်အောင်(မကစ)
၁၇-၈-၂၀၁၃

0 comments:

Post a Comment