ပြန်လာလေနိုး ငါမျှော်ကိုးခဲ့
လွန်ခဲ့ရက်ရှည် လတွေချီသို့
သက်ထားချစ်သူ မကြည်ဖြူလို့
မုန်းရက်ပေမယ့် ပြုံးမပျက်ဘဲ
အံခဲကျိတ်ဖြေ ဖြေမပြေဆဲ
ရင်မှာလွမ်းဆဲ တမ်းကျန်ပြီ.......။
ရင်ကိုခြေကန် ထွက်သွားပြန်လည်း
ငါ့ရင်မနာ ခွင့်လွှတ်ပါသည်
တနေ့ပေါ်နိုး သည်စိတ်မျိုးနဲ့
မျှော်ကိုးရက်ရှည် နေ့ရက်တွေမှာ
မဖြေသာလွမ်း သူပြန်လမ်းမှာ
ငေးမောရှုမျှော် ချစ်စိတ်သော်မှ
ငဲ့ကွက်မမြင် ရက်စက်ခြင်ဘိ....။
ဘယ်ရန်စွယ်ငြိုး သည်ဖြစ်မျိုးနဲ့
ကြုံရလေပြီ.....မသိဖွယ်.....။
ဝဠ်ကြွေးဆိုက ကျေပြွန်ရ၍
ခွင့်လွှတ်စေကြောင်း ကိုယ် တောင်းဆုရည်
စိတ်တူကိုယ်ပြု ဘ၀တခုကို
ထူစို့တဖန် ကိုယ်ခွင့်ပန်သည်
ပြန်လာခဲ့ပါ နင်ကန်ခဲ့သည်
ငါ့ရင်ခွင်ဆီ.....
ဘလော့ခရီးသည်
အောင်အောင်(မကစ)
၂၇-၈-၂၀၁၃
0 comments:
Post a Comment