ညီမငယ်......
အချစ်သမုဒ္ဒရာ ပင်လယ်ဝယ်
ခရီးပြင်းနှင်ကြမယ်ဆိုရင်တော့
အမုန်းဆိုတဲ့မုန်တိုင်း ထန်ထန်
ကြုံရမှာတော့ အမှန်ပါကွယ်...
မနာလိုရှုစိတ်တွေနဲ့ တူတဲ့
မစ္ဈိယ လှိုင်းကြမ်းကြမ်းကိုလည်း
ရိုက်ပုတ်ခြင်း ခံရမည်မလွဲပေ.....။
အားမငယ်ပါနဲ့ ချစ်နှမငယ်
ဒါတွေကို အံတု ရင်ဆိုင်ဖို့
ကိုယ့်လက်တို့ကို မြဲမြဲဆုပ်ကိုင်
ကိုယ့် ပုခုံးကို တွဲမှီခိုထား
ရဲရင့်ခြင်း ချစ်စိတ်တွေစုစည်း
သံယောဇဉ် ကြိုးမျှင်တွေနဲ့
မေတ္တာရွက်ဖျင်ကို ချည်နှောင်
တွဲထားတဲ့ ကိုယ့်လက်တွေကိုဖြင့်
အားကိုးရာ လှော်တက်တို့ပမာထား
ဘ၀ဆိုတဲ့ သမုဒ္ဒရာထဲကလှေငယ်
ကမ်းခြေ၀ယ် ရောက်စေဖို့ရေး....ပေါ့....။
ချစ်ချင်းတွေကိုအဖေါ်လုပ်.....
လက်နှစ်ဘက်ဆီ အားခွန်ပြု
လှော်ခတ်လို့ သယ်ဆောင်ကာ
ထာဝရငြိမ်းချမ်းရာ အရပ်တခု
ကိုယ် ပြုစုလို့ မွမ်းမံရင်း
ကိုယ့် ရင်တွင်းတနေရာမှာ....
ညီမအတွက်.....ထာဝရ....ထာဝရ
နားခိုရာပါကွယ်.........
နားခိုလှည့်ပါ........ချစ်သော
ညီမငယ်......
သည်ကဗျာလေးကို ကျွန်တော်ရဲ့ ကဗျာ ပရိတ်သတ်ဖြစ်တဲ့ ဘလော့ကာကြီး
အမျိုးကောင်းသားနှင့်... မင်းဒဿ တို့မှာ ညီမအတွက် ကဗျာတောင်းဆိုထားလို့
သည်နေ့ဘဲ တွေ့ကရ ရေးချယ်လိုက်ပါတယ်...ေိေိ....ကာရံမကျ စာစီမလှပေမယ့်
ခံစားနိုင်ကြပါစေနော်.....
ဘလော့ခရီးသည်
အောင်အောင်(မကစ)
၂၇-၈-၂၀၁၃
0 comments:
Post a Comment