အိုဘယ့်ကွယ်...ခင်
မနှေးမမြန် စည်းချက်မှန်လို့
လှမ်းကြွဦးတည် ဟိုကျောင်းဆီသို့
ဆွတ်ကြည်ပျံ့မွှေး ရနံ့လေးလည်း
ချယ်သပန်းချီ ပါးထက်ဆီသို့
ဘယ်ပန်းချီ စာသီ မဆုံးရေအောင်
သူ့အပြုံး သူ့အမူ
မြင်မြင်သူ ရင်အပူအေးရတယ်
အိုကွယ်......မိခင်...ကြယ်သခင်
အနာဂါတ်ကြယ်ပွင့်များစွာအတွက်
ပညာဒါန သုတမကျန်
စိတ်အမှန်ဖြင့် ခွံ့ကာသူကြွေး
ယဉ်ကျေးလိမ္မာ ကြယ်များစွာတို့
လင်းလက်ဝင့်ထယ် လောကလယ်မှာ
တင့်တယ်ခန့်ညား ရှိသည့်အားကို
သဒ္ဒါစိတ်ပို ဖိတ်ယိုကျစီး
ကျွန်းစုပါးပြင် နံ့သာပြင်သို့
ဖြတ်လို့လျှောက်ကာ ချောင်းပမာဖြင့်
ကမ္ဘာမြေထက် ပြုခဲံ့သက်သေ
ပီမျက်ရည်......မိ မျက်ရည်တည်းးးးး။ ။
( သည်ကဗျာလေးကို 26-7-2013 ) ရက်နေ့တွင်..ကျောင်းသားလူငယ်
အနာဂါတ်ကြယ်ပွင့်များစွာရဲ့ ဒုတိယမိခင်အဖြစ်.... သားတပည့်များ လောကမှာ
ပညာတင့်တယ် တောက်ပနေတာကို ပီတိအပြုံးးနဲ့ ကျမျက်ရည် စီးသည့်တိုင်
ကျေနပ် ပီတိ ဖြစ်နေတတ်သော ဆရာမလေးတစ်ယောက်အတွက်.... စိတ်ကူးပုံဖေါ်
ရေးစပ် ခဲ့ပါသည်......။ )
အောင်အောင်(မကစ)
ဘလော့ခရီးသည်
ခေတ္တ....မလေးရှား
0 comments:
Post a Comment