မမရေ.................
ဆုံနိုင်ခွင့် မရသေးတဲ့
ဘ၀တခုရဲ့ ဆုံမှတ်ကို
တူတူရောက်နိုင်ဖို့အတွက်
ခက်ခဲနေပါစေ.....ကျော်ဖြတ်ခဲ့မယ်....
ပင်ပန်းနေပါစေ.....ရုံးကန်လာမယ်....
ခွေယိုင်နေပါစေ.....အားတင်းထားမယ်....
ဆုံမှတ်ဆိုတဲ့ အမှတ်စက်လေးတစ်ခုက
မောင့်အတွက် အရာရာကို ခုခံကာကွယ်ပေးရင်း
မမရှိတဲ့ ကမ္ဘာမြေရဲ့ ဆုံမှတ်တနေရာဆီ
ခရီးပြင်းနှင်နေသူ မောင်တယောက်ပါကွယ်.......
ပင်လယ် ဘယ်လောက်ကျယ်ပါစေ
ကမ်းခြေရဲ့အောက်မှာ ရှိနေစမြဲပါ
လှိုင်းပုတ် တိုက်စားစမ်းပါစေ
ကမ်းခြေတွေ မပျက်သုဉ်းနိုင်ပါ
လောကဓိတရား ဘယ်လောက်များပါစေ
မအတွက်တော့ မောင်ဆိုတာရှိနေမြဲပါ
လမ်းခရီးတွေ ဘယ်လောက်ကြမ်းပါစေ
မရှိတဲ့ ဆုံမှတ်တစ်နေရာဆီ
မောင်အရောက်လာနေပါပြီ.....
သည်ကဗျာလေးကို ကျွန်တော် သိပ်ချစ်တတ်တဲ့ မမ တယောက်အပေါ်
ဆုံနိုင်ဖို့ ကြိုးစားနေတတ်တဲ့ ချစ်သူ ကောင်လေးတစ်ယောက်ရဲ့ ဘ၀ ခံစားချက်ကို
ဖွဲ့ဆို ခဲ့တာပါ.... တိုက်ဆိုင်သူများ ခံစားနိုင်ပါစေ
အောင်အောင်(မကစ)
ဘလော့ခရီးသည်
မလေးရှား
၂၆-၈-၂၀၁၃
0 comments:
Post a Comment