Wednesday 1 July 2015

☀..မည်သူက တရားခံနည်း..☀



 ကောင်းကင်ရဲ့အလှကို
တိမ်တိုက်တွေက   ဆောင်ကျဉ်းသလို
လမင်းရဲ့ အလှတရားကို
ကြယ်စင်တွေက  ဆောင်ကျဉ်းကြပါတယ်

လောကရဲ့ အလှပကိုတော့
သဘာဝတရားကပံ့ပိုးသလို
ကမ္ဘာမြေရဲ့  အလှတရားကိုတော့
သယံဇာတ တွေက ပံ့ပိုးခဲ့ပါတယ်

တိုင်းပြည်ရဲ့  အလှကိုဖြင့်
နိုင်ငံခေါင်းဆောင်တွေက  ဖန်တီးသလို
ကျေးရွာရဲ့ အလှအပကိုဖြင့်
ရိုးသားမှုက  ဖေါ်ကျူးစေပါတယ်

တို့တိုင်းပြည်လှပစေဖို့ရေး
ခေါင်းဆောင်တွေ  မဖန်တီးခဲ့သလို
တို့နိုင်ငံသာယာဖို့ရေး
တောတောင်တွေလည်းပျက်သုဉ်းလို့
သယံဇာတတွေလည်း ကုန်ဆုံးခဲ့ပါပြီ

တို့ကျေးရွာ သာယာဖို့အရေး
တို့တတွေလည်း မရိုးသားနိုင်ကြတော့ပါ

အို.........အသင်..............ကမ္ဘာမြေ...
အသင်သာတရားခံလော့
ငါက တရားခံလော့.......
ဥာဏ်မရှိ  ၀ီရိယကင်းပြီး
ပျက်သုဉ်းခြင်း  ဆိုက်ကပ်နေတဲ့
တို့ပြည်နိုင်ငံရေးးးးးးးးးးးးးးမှာဖြင့်
မည်သူဟာတရားခံနည်း...............။
အဘယ်သူ တရားခံနည်းးးးးးးးးးးးး

သည်ကဗျာလေးကို အမိတိုင်းပြည်အား  တခြားတခြားသောတိုင်းပြည်များကဲ့သို့
သာယာ တိုးတက်စေလိုသော ခံစားချက်ဖြင့် ရေးစပ်သီဖွဲ့ခြင်းဖြစ်ပါတယ်..
( 20-3-2014 ) နေ့တွင်အမှတ်တရ ရေးသားခဲ့ပါတယ်...
ဘလော့ခရီးသည်
ခေတ္တ....မလေးရှား

0 comments:

Post a Comment