မိုးသက်လေညင်း ရွှေပိန်ညှင်းတို့
တိုက်ခတ်ဝင်လာ မိုးခေါ်ကာဖြင့်
နွေရွက်ရင့်တို့ ဖူးသစ်ဝေသီ
စီစီကြားရ ဖားအုံးအင်မှ
ချက်ပေးနေပြန် လှုံ့ဆော်ဟန်ပါ့
ထယ်ချ ထွန်ပြင် တောင်သူခွင်သို့
ချီစို့တက်ညီ ညာသံမြည်ဟီး
တို့သက်တို့သွေး တို့ဝမ်းရေးကို
မနှေးဘယ်ခါ ပြင်ကြရပြီ
ငါချစ်ခဲ့သည့် မိုးးးးးရာသီ.......။
သည်ကဗျာလေးကို မိုး ချစ်တတ်သော သူများခံစားနိုင်စေရန်
ရေးသားခံစားလိုက်ပါတယ်နော်...
ဘလော့ခရီးသည်
အောင်အောင်(မကစ)
0 comments:
Post a Comment