ချစ်သူ.......
မငြိုငြင်ပါနဲ့ကွယ်....
ဟိုအရင် ကြင်နာခြင်းတွေနဲ့
သာယာခဲ့ ကာလရှည်ကြာ
တို့တွေ ပျော်ခဲ့ကြတယ်နော်
ချစ်သူ..........
ကိုယ့်ကြောင့်ရတဲ့ ဝေဒနာ
တရံတခါများ ရှိခဲ့မယ်ဆိုရင်
ဟိုအရင်ကြင်နာပေးခဲ့တဲ့....
ကြည်နူးစရာ အချိန်လေးတွေကို
ပြန်လည် တမ်းတရင်း........
နာကျင်ခြင်း ဝေဒနာကို
ခြေဖျက်ကာ နားလည်ပေးပါနော်........။
ချစ်သူ.......
သောကပူပန်များလှတဲ့.......
သတ္တလောက သည်ကမ္ဘာမြေပေါ်မှာ
တခါတခါ စိတ်ဖေါက်ကြတာ
တခါတခါ စိတ်ကောက်တတ်ကြတာ
တခါတခါ စိတ်အလိုမကျဖြစ်တာ
ဒါတွေဟာ သင်္ခါရသဘောအတွက်
သဘာဝကျလှတဲ့ ဒဿတွေရယ်ပါကွယ်...
ချစ်သူ........
ကိုယ့်အပြုမူကြောင့် ... ဖြစ်စေ
ကိုယ့်အပြောဆိုကြောင့် ... ဖြစ်စေ
ကိုယ့်အကြည့်တချက်ကြောင့် ... ဖြစ်စေ
ဟောသည် ကမ္ဘာမှာလေ......
ချစ်သူ ဘဝ
ချစ်သူ အလှ
ချစ်သူ သိက္ခာ
တစက်ကလေးတောင် မညှိုးငယ်သွားစေရပါဘူးကွယ်...
အဆင်မသင့်လို့ ရုတ်တရက်
နှုတ်ထွက်စကားလေး တခွန်းက
ချစ်သူအပေါ် မှားခဲ့သော်မှ
ချစ်စိတ်နဲ့ ကြည်ဆယ်...
နှစ်သက်နေတယ် ဆိုတာကို
ချစ်သူရေ......နားလည်စွာနဲ့
ခွင့်လွှတ်ပေးပါလားးကွယ်.....
0 comments:
Post a Comment