Tuesday 30 June 2015

☀..ချစ် မမသို့..☀



မမ..ရေ.....
ဆုံနိုင်ခွင့် တနေရာရောက်ဖို့
မျှော်လင့်ခြင်း ဝေဒနာတွေနဲ့အတူ
ယုယတတ်တဲ့ စကားလုံးများစွာနဲ့
တမ်းတစရာ ကာလရှည်ကိုဖြင့်
နာကျင်စွာ ဖြတ်သန်းရင်း
မ...နဲ့အတူတူ သည်ဘ၀ကို
ဆုံနိုင်ဖို့....... ကြိုးစားနေမည်။

ငြိမ်းချမ်းခြင်း ကမ္ဘာမြေဆီမှ
နွေးထွေးတဲ့ ရင်ခွင်တနေရာမှာ
မောင့်...အတွက် ထာဝရနားခိုဖို့
ကြည်မြမြ အပြုံးတွေနဲ့အတူ
ကမ်းလင့်လို့ ကြိုနေပါ...မ...ရယ်....


ဘလော့ခရီးသည်
အောင်အောင်(မကစ)
  ၂၄-၈-၂၀၁၃

0 comments:

Post a Comment